၁၁-၂-၀၉ (၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ

1 comments Sunday, April 12, 2009
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
“(၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ”

ခရစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့

၁။ ခရစ် ၂ဝဝ၉ ခုနှစ် ဖေဖေါ်ဝါရီလ (၁၁)ရက်နေ့သည် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော (၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့ အခါသမယ ဖြစ်ပေသည်။ ကရင်အမျိုးသားတို့၏ ဤသမိုင်းဝင်နေ့မြတ် အခါသမယ၌ ကရင်အမျိုးသားခေါင်းဆောင်ကြီးများနှင့်တကွ ကရင်တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးအား ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေကြောင်းနှင့် မဝေးလှသော အနာဂတ်၌ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ကရင်ပြည်နယ်သစ် ပေါ်ထွန်းလာပါစေကြောင်း လေးနက်စွာဆန္ဒပြုအပ်ပါသည်။

၂။ ကရင်တိုင်းရင်းသားပြည်သူလူထုတရပ်လုံး၏ လိုလားချက်ဖြစ်သော “တရားမျှတရေး” “တန်းတူရေး” နှင့် “လွတ်လပ်ရေး” တို့အတွက် အသက် ဘဝ ကိုယ်လက်အင်္ဂါ မြောက်များစွာတို့ဖြင့် စွန့်လွှတ်ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြကုန်သော ကရင်အမျိုးသား ခေါင်းဆောင်များ၊ ကရင်အမျိုးသားရဲဘော်များနှင့် တော်လှန်ရေးသမား အပေါင်းတို့အားလည်း ဤ(၆၁)နှစ်မြောက် “ကရင်အမျိုးသားနေ့” အခါသမယတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက အထူးမှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

၃။ ယနေ့ မြန်မာနိုင်ငံသည် စစ်အာဏာရှင်များ၏ အဓမ္မစိုးမိုးမှုအောက်တွင် ကျရောက်လျှက် တိုင်းရင်းသား လူမျိုးရေးရာ ပြဿနာများကို နိုင်ငံရေးနည်းအရ ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေးအဖြေရှာရန် ကြိုးပမ်းအားထုတ်နေကြချိန်ဖြစ်ပေသည်။ စစ်အာဏာရှင်များက တိုင်းရင်းသားလူမျိုးအသီးသီးအား “အမျိုးသားတန်းတူရေး” နှင့် “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးရေး” ကို အစဉ်တစိုက်ငြင်းဆန်ကာ စစ်အင်အားသုံး ဗိုလ်ကျစိုးမိုးနေသဖြင့်၊ ကရင်အမျိုးသားတို့သည် အခြားတိုင်းရင်းသားများနည်းတူ စစ်အာဏာရှင် စနစ်အား နှစ်ပေါင်းငါးဆယ်ကျော် တော်လှန်ခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပေသည်။ ကရင်အမျိုးသားတို့၏ ဂုဏ်ရောင်ပြောင်သော တော်လှန်ရေးဇွဲသတ္တိကို အမျိုးသားညွန့်ပေါင်းအစိုးရက ဤထူးမြတ်သည့် “ကရင်အမျိုးသားနေ့” အခါသမယတွင် လေးနက်စွာဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

၎။ ကရင်အမျိုးသားများသည် သမိုင်းအစဉ်အဆက် “ရိုးသားဖြောင့်မတ်၍သွေးစည်းညီညွတ်မှုရှိသော လူမျိုးနွယ်” တရပ်အဖြစ် ထင်ရှားပေသည်။ မိမိတို့ဓလေ့ထုံးတမ်း၊ ဘာသာစကား စာပေ၊ အနုပညာယဉ်ကျေးမှု အစရှိသော မျိုးရိုးအမွေအနှစ်တို့ကိုလည်း အဓွန့်ရှည်အောင်မြ‡င့်တင်ထိမ်းသိမ်းခဲ့ကြပေသည်။ မိမိတို့ဘိုးစဉ်ဘောင်ဆက် အခြေချနေထိုင်ခဲ့ရာ ရေမြေဒေသကိုလည်း အလွန်ချစ်မြတ်နိုးကြပေသည်။ ယဉ်ကျေးမှုမြင့်မား၍ မျိုးချစ်စိတ်ထက်သန်သော လူမျိုးဖြစ်သည့်အလျှောက် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးကိုလည်း တန်ဘိုးထားလိုလားကြပေသည်။

၅။ ဤ(၆၁)နှစ်မြောက် “ကရင်အမျိုးသားနေ့” အခါသမယတွင် နိုင်ငံရေးအကျဉ်းသားအားလုံး ¹ခွင်းချက်မရှိလွှတ်ပေးရန်၊ တပြည်လုံး အပစ်အခတ်ရပ်စဲရေးကြေညာပြီး တိုင်းရင်းသားလူမျိုးများအား ထိုးစစ်ဆင်နေမှုအားလုံး အမြန်ရပ်စဲရန်၊ နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် တရားမျှတမှုရှိရှိ နှစ်ဦးနှစ်ဖက် ဂုဏ်သိက္ခာရှိရှိ လွတ်လပ်ပွင့်လင်းစွာ နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးရန် ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုအား ဖိနှိပ်ချုပ်ချယ်သည့်အမိန့်ဥပဒေများကို ရုပ်သိမ်းရန်၊ နအဖအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ ဆုံးဖြတ်ချက်အတိုင်း NLD ပါဝင်သည့် “သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ” စတင်ဆောင်ရွက်ရန်၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာပြည်အတွင်း စစ်မှန်သည့်တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ပေါက်လာရေး အားပေးကူညီရန်၊ အစရှိသော “ကရင်အမျိုးသားအစည်းအရုံး (KNU)”၏ နိုင်ငံရေးသဘောထား ဖေါ်ပြချက်များမှာလည်း အချိန်အခါ အခြေအနေနှင့် ဆီလျော်သဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရက ကြိုဆိုထောက်ခံအပ်ပေသည်။

၆။ သို့ဖြစ်၍ “စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး” “ဒီမိုကရေစီစနစ်ထွန်းကားရေး” “အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး”တည်းဟူသော နိုင်ငံရေးရည်မှန်းချက်များအောင်မြင်သည်အထိ၊ သွေးစည်းညီညွတ်မှုအစဉ်အလာကြီးမားသော ကရင်အမျိုးသားထုကြီးနှင့်အတူ လက်တွဲ၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက အထူးအားစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤ(၆၁)နှစ်မြောက် “ကရင်အမျိုးသားနေ့” အခါသမယ၌ လေးနက်စွာ သန္နိဋ္ဌာန်ပြုလျှက် ဂုဏ်ယူလေးစားစွာ ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ
ခရစ် ၂ဝဝ၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁)ရက်။
read more “၁၁-၂-၀၉ (၆၁)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ”

၇-၈- ဖေဖေါ်ဝါရီ၊ ၂၀၀၉ - ၁၂ ကြိမ်မြောက်ဥရောပရောက်မျိုးချစ်မြန်မာများ ညီလာခံကြေငြာချက်

0 comments
Free Burma, Free Aung San Suu Kyi
Forum of Burmese in Europe
BE, CZ, DE, DK , FIN, FR, NL, NO, PL, SE ,UK

၁၂ ကြိမ်မြောက်ဥရောပရောက်မျိုးချစ်မြန်မာများ ညီလာခံကြေငြာချက်

ရက်စွဲ။ ၇/ ၈ ဖေဖေါ်ဝါရီ ၂၀၀၉ ခုနှစ်

စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့တွင်၂၀၀၉ခုနှစ်၊ ဖေဖေါ်ဝါရီလ(၇)ရက်နှင့်(၈)ရက်နေ့များတွင် ကျင်းပခဲ့သည့် ညီလာခံမှဆုံးဖြတ်ချက်များ။

၁။ စစ်အာဏာရှင်နအဖမှ တဖက်သတ်ပြည်သူအပေါ်တွင် အနိုင်ကျင့်၍ပြုလုပ်ခဲ့သော၂၀၀၈ခုနှစ် အတုအယောင် တရားမ၀င်သည့် အခြေခံဥပဒေအား လုံးဝ အသိအမှတ်မပြုနိုင်ကြောင်းနှင့် ဆက်လက်၍ ဆောင်ရွက်ကျင်းပမည့် အားလုံး ပါဝင်နိုင်ခြင်းမရှိသည့် ရွေးကောက်ပွဲအားလည်း လုံးဝ အသိအမှတ်ပြုခြင်းမရှိသည့်အပြင် ပြင်းထန်စွာ ကန့်ကွက်၍ အတတ်နိုင်ဆုံး အင်တိုက် အားတိုက် နည်းမျိုးစုံဖြင့် ဆန့်ကျင်ဆောင်ရွက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။

၂။ ကမ္ဘာ့ကုလသမဂ္ဂ၏လုံခြုံရေးကောင်စီနှင့်ပတ်သက်၍ လန်ဒန်မြို့”BBC World Service” မှ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင်တင်ဆက်ခဲ့သည့်” Intellegence Square Debate ” အားကိုးကား ချက်အရ ယင်းလုံခြုံရေး ကောင်စီပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဒီမိုကရေစီနိုင်ငံများ ပိုမိုတိုးချဲ့ ပါဝင်သော ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုအား ပြုလုပ်ပေးရန်နှင့် စစ်အာဏာရှင်မှ ပြည်သူများ အပေါ်တွင် ”Crime Against Humanity”ခေါ် လူသားများအပေါ်တွင် ရာဇ၀တ်မှုကျူးလွန်ခြင်း အတွက် ”International Criminal Court” (ICC) ဖြစ်သည့် နိုင်ငံတကာ ရာဇ၀တ်မှု တရားရုံးသို့ ဖမ်းဆီးခေါ်ဆောင်၍ အရေးယူပေးရန် ကုလသမဂ္ဂ၏ ”Responsiblity To Protect (R2P)” နည်းဥပဒေအရ အမြန်ဆုံးဆောင်ရွက်ပေးရန်နှင့် အဝေးရောက်ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ညွန့်ပေါင်းအစိုးရ(NCGUB) အားလည်း ကုလသမဂ္ဂတွင် ပိုမို၍ပြင်းထန်သည့် တင်ပြ ဆောင်ရွက်ချက်များပြုလုပ်ပေးရန်။

၃။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)၏ လူထုတရပ်လုံးသို့အဆိုပြုတင်ပြချက် (Concept Paper)အရ ညွန့်ပေါင်းအစိုးရအား ပိုမိုတိုးချဲ့ဖွဲ့စည်းရေးတွင်တိုင်းရင်းသားခေါင်းဆောင် များ၊ အတတ်ပညာရှင်များနှင့် ဥရောပရောက် မျိုးချစ်မြန်မာများ၏ ကိုယ်စားလှယ်များ ပါဝင်လျှက် (၃)လအချိန်ပိုင်းအတွင်း အပြီးသတ်ဖွဲ့စည်းပေးရန်၊ ယင်းလူထုတရပ်လုံးသို့ အဆိုပြု တင်ပြချက် တရပ်လုံးတွင်ပါဝင်သော အသေးစိတ်အချက်အလက်များကို ဥရောပနိုင်ငံတခုချင်းစီမှ မိမိတို့၏ သဘောထားကို ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ(NCUB)သို့ သတ်မှတ်ထားသော အချိန်ကာလပိုင်းဖြစ်သည့် မတ်လ ၁၅ ရက်နေ့နောက်ဆုံးထား၍ တင်ပြပေးရန်။

၎။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ (NCUB) ၏ Credentials Challenge ကိစ္စနှင့် ပတ်သက်၍ စစ်အာဏာရှင် နအဖ အား မိမိတို့တတ်နိုင်သရွေ့ နည်းမျိုးစုံ ဘက်ပေါင်းစုံဖြင့် ဆန့်ကျင်တိုက်ခိုက်ရန်လိုအပ်သည်နှင့်အညီ ကုလသမဂ္ဂ၏အထွေထွေညီလာခံတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်နှင့်နိုင်ငံတော်သူ၊ နိုင်ငံတော်သားအားလုံး၏ကိုယ်စား တရားဝင် တင်ပြဆွေးနွေး ဆုံးဖြတ်ခွင့်ကို ပြည်သူလူထု၏ အချုပ်အချာအာဏာကို အလွဲသုံးစွဲလုပ်ထားသည့် နအဖ မှ ရရှိပြီးလျှင် ၁၉၉၀ခုနှစ်အထွေထွေရွေးကေက်ပွဲကြီးမှ ပြည်သူများ လွတ်လပ်စွာ ရွေးချယ်မဲပေး၍ တင်မြှောက်လိုက်သည့် ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရမှာ လေ့လာသူများ အဆင့်တွင် တက်ရောက်နေရခြင်းကိုထောက်ရှု၍ Credentials Challenge အစီအစဉ်အား ဆောင်ရွက်နိုင်မည့်အဖွဲ့ အစည်းမှ ဆက်လက်ဆောင်ရွက်သွားရန်။

၅။ နိုဗယ်ဆု ချီးမြှင့်ခြင်းနှင့် ပတ်သက်၍ နိုဗယ်ဆုရွေးချယ်ရေး ကော်မီတီသို့ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သည့်ု ငြိမ်းချမ်းစွာဆောင်ရွက်ခဲ့သော ရွှေဝါရောင်လှုပ်ရှားမှုကြီးအတွင်း ပါဝင်ခဲ့ကြသည့် မြန်မာရဟန်းတော်များနှင့် သီလရှင်များအား ထည့်သွင်း စဉ်းစားပေးရန် တင်ပြခြင်း။

၆။ ဥရောပသမဂ္ဂမှစစ်အာဏာရှင်နအဖအပေါ်တွင်ပိုမိုတိကျပြင်းထန်သည့်စီးပွားရေးပိတ်ဆို့မှုများ
(Targeted Sanctions) ချမှတ်ပေးရေးနှင့်လူသားခြင်းဆိုင်ရာထောက်ပံ့ခြင်း (Humanitarian Aid) ကိစ္စတွင် အောက်ခြေလူထုနှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများထံသို့ ရောက်ရှိလျှက် တိကျ ပြတ်သားသော တာဝန်ယူမှုနှင့် ရှင်းလင်းပြတ်သားခြင်း (Accountability & Transparency) ရှိမှသာ စစ်အာဏာရှင် နအဖ ၏ အလွဲသုံးစားပြုမှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်းတင်ပြရန်။

The Forum of Burmese in Europe (FBE) represents a net work of Burmese people across Europe and is advocating for democracy, social justice and human rights in Burma. The FBE strongly rejects the military dictatorial rule in Burma and has been working closely together with the democratic forces around the world.

BE, CZ, DE, DK , FIN, FR, NL, NO, PL, SE , UK = Belgium, Czech Republic, Germany, Denmark, Finland, France, Netherlands, Norway, Poland, Spain, UK
read more “၇-၈- ဖေဖေါ်ဝါရီ၊ ၂၀၀၉ - ၁၂ ကြိမ်မြောက်ဥရောပရောက်မျိုးချစ်မြန်မာများ ညီလာခံကြေငြာချက်”